ကျွန်ုပ်တို့အကြောင်း

Chubb သည် အာမခံလုပ်ငန်းတွင် ကမ္ဘာ့ထိပ်တန်းဦးဆောင်သူ တစ်ဦးဖြစ်ပါသည်။
 
Chubb သည် နိုင်ငံနှင့်ဒေသပေါင်း ၅၄ ခုတွင်လည်း စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ တစ်ဆင့်အာမခံ နှင့် အသက်အာမခံ လုပ်ငန်းတို့ကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် လူတန်းစားမျိုးစုံတို့အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အာမခံလုပ်ငန်းကုမ္ပဏီ တစ်ခုအနေဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုအန္တရာယ် များကို မှန်ကန်သောနည်းလမ်းယူဆချက်များ၊ ကျင့်ဝတ်စည်းကမ်းများ အတိုင်း စိစစ်အကဲဖြတ်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါသည်။ အာမခံဝယ်ယူသူတို့၏ ရသင့်ရထိုက်သော အာမခံလျော်ကြေးများကိုလည်း မျှတမှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ မိသားစု တစ်စုချင်းစီနှင့် လုပ်ငန်းအရွယ်အစားအစုံအတွက် အကောင်းဆုံး အာမခံဝန်ဆောင်မှု ပေးနေပါသည်။

စုံလင်သော အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှု များပေးခြင်း၊ ကွန်ရက်ကျယ်ပြန့်ခြင်း၊ ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိခြင်း၊ ဒေသအလိုက်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း နှင့် ကမ္ဘာ့တစ်ဝန်း ဖြန့်ကျက်ထားနိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများသည် Chubb ၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ ကုမ္ပဏီသည် နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းများ၊ အလတ်စားနှင့် အသေးစား လုပ်ငန်းများအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ နှင့် Risk Engineering services များကိုလည်းကောင်း၊ ချမ်းသာကြွယ်ဝသောသူတို့၏ ပိုင်ဆိုင်မှုပစ္စည်းများအား အာမခံပေးခြင်း၊ အသက်အာမခံ၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ အိုးအိမ်၊ ကားနှင့် အထူးသီးသန့် ပုဂ္ဂလိကအာမခံဝန်ဆောင်မှုများကို ဝယ်ယူသည့် တစ်ဦးချင်း လူပုဂ္ဂိုလ်များကို လည်းကောင်း၊ ၎င်းတို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များအတွက် မတော်တဆထိခိုက်မှု၊ ကျန်းမာရေး အာမခံအစီအစဉ်များနှင့် အသက်အာမခံများကို ပေးအပ်ရန် (သို့) ကမ်းလှမ်းသည့် ကုမ္ပဏီများနှင့် ယင်းတို့နှင့်ဆက်စပ်သည့် အဖွဲ့အစည်းများကို လည်းကောင်း၊ တစ်ဆင့်အာမခံများ ထားရှိခြင်းဖြင့် ငွေကြေးဆုံးရှုံးမှု အန္တရာယ်များကို ကာကွယ်ရန် စီမံဆောင်ရွက်သည့် အာမခံလုပ်ငန်း လုပ်ကိုင်သူများကိုလည်းကောင်း ဝန်ဆောင်မှုပေးသည်။

Chubb သည် ပိုင်ဆိုင်မှုပစ္စည်းတန်ဖိုး အမေရိကန် ဒေါ်လာ ၁၆၇ ဘီလျံကြွယ်ဝပြီး Chubb ၏ ၂ဝ၁၈ ခုနှစ်အစီရင်ခံစာအရ စုစုပေါင်း အာမခံပရီမီယံကြေးမှာ အမေရိကန် ဒေါ်လာ ၃၈ ဘီလျံအထိရှိသည်ဟု ဖော်ပြပြီးဖြစ်သည်။ Chubb ၏ အဓိက လုပ်ငန်း ဆောင်ရွက်လျက်ရှိသော အာမခံ ကုမ္ပဏီများသည် ဘဏ္ဍာရေး တောင့်တင်းမှု အဆင့်သတ်မှတ်ချက်တွင် Standard & Poor's ၌ AA အဆင့်နှင့် A.M.Best ၌ A++ အဆင့်ကို ထိန်းသိမ်း ထားရှိသည်

Chubb၏ မိခင်ကုမ္ပဏီဖြစ်သော Chubb Limited သည် နယူးယောက်စတော့ခ် အိတ်စ်ချိန်းတွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီ (S&P 500) စာရင်းတွင်လည်း ပါဝင်ပါသည်။  
Chubbသည် ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၃ဝဝဝဝ ကျော်ဖြင့် စီမံခန့်ခွဲရေး ရုံးဌာနများ ဖွင့်လှစ်ထားရှိပါသည်။

 

Chubb အကြောင်း တစေ့တစောင်း

ပြိုင်ဘက်ကင်းသည့် ကမ္ဘာလုံးဆိုင်ရာ Franchise လုပ်ငန်းကြီး

「 Chubb ဆိုတဲ့ နာမည်ဂုဏ်သတင်းဆောင်ကြည်းမှုဟာ အဆင့်မြင့်ဝန်ဆောင်မှုပေးခြင်း၊ အာမခံနိုင်မှုနဲ့ လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု စတဲ့ကတိများကို ဖော်ဆောင်ပေးပါတယ်။ ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို ကျွန်တော်တို့ရဲ့ တစ်မူထူးခြားတဲ့ လူ့စွမ်းအားအရင်းအမြစ်၊ ပေးစွမ်းနိုင်တဲ့ အာမခံ ဝန်ဆောင်မှုတွေနဲ့ပေါင်းစည်းပြီး client များရဲ့လိုအပ်ချက်များပြည့်စုံအောင် ဖြည့်စွမ်းပေးပါတယ်။ 」

Evan Greenberg, ဥက္ကဋ္ဌ & အမှုဆောင်အရာရှိချုပ်

Chubb ၏ ကွဲပြားခြားနားမှု

Chubb ကို လူတွေ ဘာလို့ ရွေးချယ်ကြတာလဲ။ အဖြေကတစ်ခုတည်းမဟုတ်ဘဲ အကြောင်းရင်းအများကြီးရှိပါတယ်။

လက်မှုအနုပညာရပ်

တိကျသေချာမှုနှင့် ကျွမ်းကျင်မှုများအားလုံး အသုံးချဖန်တီးထုဆစ်ရသော လက်မှုအနုပညာရပ်ကို အာမခံတွင် အသုံးပြုခဲ့မည်ဆိုလျှင်……။

အာမခံသည် ယေဘူယျကုန်ပစ္စည်း မဟုတ်ပါ။ လူတစ်ဦးချင်းနှင့်ဆိုင်သောအရာ ဖြစ်ပြီး သင့်အတွက် အရေးကြီးသည့် လူများနှင့် ရုပ်ဝတ္ထုပစ္စည်းများအတွက် ဖြစ်ပါသည်။ သင်၏မိသားစုနှင့် သင်ချစ်မြတ်နိုးသူများ၊ သင်၏ နေအိမ်နှင့် သင်၏စီးပွားရေးလုပ်ငန်း၊ သင်၏ဝန်ထမ်းများနှင့် သင်၏ အစုရှယ်ယာရှင်များအတွက် ဖြစ်ပါသည်။

Chubb ၌ အာမခံပေါ်လစီရေးသည့်အခါ တစ်ဦးချင်းစီအတွက် သီးသန့် ရေးသားပါသည်။ အာမခံသည် အာမခံကြေးပေးရန် တာဝန်လက်ခံခြင်းထက် ပိုသော အတတ်ပညာ ကျွမ်းကျင်မှု တစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားပါသည်။

အာမခံဟုစဉ်းစားကြည့်ပါက သဘာ၀ဘေးအန္တရာယ်များ၊ မတော်တဆမှုများ၊ စာရွက်စာတမ်းအထပ်လိုက်ကြီးတွေကိုသာလျှင် စဉ်းစားမိဖို့များမည်။ ကျွန်ုပ်တို့ Chubb မှာတော့ အများနှင့်မတူကွဲပြားစွာ တွေးတောပါသည်။ ကျွန်ုပ်တို့အတွက် အာမခံဆိုသည်မှာ လက်မှုအနုပညာရပ်တစ်ရပ်ပင်ဖြစ်သည်။ ဤအရာသည်ပင် ကျွန်ုပ်တို့အလုပ်ဖြစ်ပြီး သင်တို့အတွက် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးသည့် ပုံစံဖြစ်ပါသည်။

လက်မှုအနုပညာရပ်သည် အကြမ်းထည်မှစပြီး ဖန်တီးထုဆစ်ရသော ပညာရပ်ဖြစ်ပြီး ကျွန်ုပ်တို့၏ client များ၏ လိုအပ်ချက်အတိုင်း အတိအကျ ပုံသွင်းထုဆစ်ရခြင်းဖြစ်သည်။ ထို့အပြင် အကောင်းဆုံးနည်းလမ်းဖြင့် အလုပ်ပြီးမြောက်စေဖို့အတွက် လိုအပ်သည့် အရည်အချင်းများရှိခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် လက်မှုအနုပညာရှင်များဖြစ်သော်လည်း မေပယ်ပင်ကို လက်ရာမြောက်သော စားပွဲခုံအဖြစ်သို့ ထုဆစ်ခြင်းမဟုတ်ပေ။ သို့သော် စိတ်အားထက်သန်မှု၊ နက်ရှိုင်းသောအတွေ့အကြုံများနှင့် တစ်မူထူးကဲသော ငွေကြေးတောင့်တင်းမှုတို့ကိုပေါင်းစပ်ပြီး လူသားများနှင့် စီးပွားရေးလုပ်ငန်းကြီးငယ်အသွယ်သွယ်ကို အကောင်းဆုံးသော အာမခံဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဖြစ်သည်။
 
 

ပြိုင်ဘက်ကင်းသော ဝန်ဆောင်မှု

Chubb မှ အာမခံပေါ်လစီဝယ်ယူခြင်းသည် ကျွန်ုပ်တို့ကို သင် အလိုအပ်ဆုံးအချိန်မှာ ရှိပေးနိုင်စေရေးအတွက် ကတိစကားကို ဝယ်ယူခြင်းပင်ဖြစ်သည်။

ဆုံးရှုံးမှုများဖြစ်ပေါ်လာသည့်အချိန်တွင် ဒေါ်လာ ၂၀၀ တန် ခရီးသွားအာမခံဝယ်ယူထားသော ပုဂ္ဂိလ်အတွက်ဖြစ်စေ၊ ဒေါ်လာ သန်း ၂၀ တန် မတော်တဆမှုအာမခံဝယ်ယူထားသော ကော်ပိုရေးရှင်းအတွက်ဖြစ်စေ ကျွန်ုပ်တို့၏ လျော်ကြေးဝန်ဆောင်မှုကျွမ်းကျင်ဝန်ထမ်းများမှ မှန်ကန်မြန်ဆန်စွာဖြင့် အာမခံလျော်ကြေးများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ပေမယ့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုမှာ ဤအရာများ မဖြစ်ပေါ်မီကတည်းကဖြစ်ပြီး ဆုံးရှုံးမှုဖြစ်ပေါ်ခြင်း နည်းအောင်နှင့် သေချာစွာ ကာကွယ်ထားနိုင်အောင် စနစ်ကျ၍ ကောင်းမွန်ဂရုစိုက်သော ဝန်ဆောင်မှုများနှင့် ကူညီပေးပါသည်။ ကျွန်ုပ်တို့၏ ဌာနေဆုံးရှုံးမှုအန္တရာယ်ကာကွယ်မှုအတိုင်ပင်ခံများမှ customer များကို အိမ်ရာ၊ ပိုင်ဆိုင်မှုနှင့် မိသားစုများကို ကာကွယ်နည်းများဖြင့် ကူညီပေးသလို စီးပွားရေးဆိုင်ရာဆုံးရှုံးမှုအန္တရာယ်ကာကွယ်မှု ကျွမ်းကျင်ပညာရှင်များမှလည်း သင့်လျော်သော ဆုံးရှုံးမှု အန္တရာယ်ကာကွယ်မှုစီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်များဖြင့် စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ထူးခြားသော ဝန်ဆောင်မှုအတွက် ဂုဏ်သတင်းကျော်ဇောမှုသည် နှိုင်းယှဉ်မရအောင်ပင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ Chubb ဝန်ထမ်းများအားလုံးသည် customer များနှင့် စီးပွားရေးမိတ်ဖက်များကို အကောင်းဆုံးသော ဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိကြပြီး ဤခံယူချက်သည်ပင် ကျွန်ုပ်တို့ဖြစ်ကြသည်။
 

Global Citizenship

တာဝန်သိ Global Citizenship ဖြစ်ခြင်းသည် ကျွန်ုပ်တို့လုပ်ကိုင်နေထိုင်နေသော ကျွန်ုပ်တို့၏ ယဉ်ကျေးမှု၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အဖွဲ့အစည်းများတွင် ထင်ဟပ်လျက်ရှိသည်။

Chubb ပရဟိတဖောင်ဒေးရှင်း

Regional Day of Service: Chubb ဖိလစ်ပိုင်

လူ့အဖွဲ့အစည်းသို့ အကျိုးပြုလုပ်ဆောင်မှုများပြုလုပ်ပေးခြင်းသည် လူ့အဖွဲ့အစည်း၊ ကျွန်ုပ်တို့ဝန်ထမ်းများနှင့် ကုမ္ပဏီအပေါ် ရေရှည်တည်တံ့သော အကျိုးကျေးဇူးများရရှိသည်ဟု ယုံကြည်ထားသည်။ Chubb သည် ပရဟိတအဖွဲ့အစည်းများနှင့် ကုမ္ပဏီမှ ပံ့ပိုးထောက်ပံ့ထားသည့် အကျိုးပြုလုပ်ဆောင်ချက်များမှတစ်ဆင့် တစ်ကမ္ဘာလုံးမှာရှိသော လူ့အဖွဲ့အစည်းများကို ကူညီပေးလျက်ရှိသည်။ Chubb ပရဟိတဖောင်ဒေးရှင်းသည် ပညာရေး၊ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အစရှိသည့် နယ်ပယ်တို့အတွက် ရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိသည်။

UN Global Compact

ကမ္ဘာ့အကြီးဆုံး ရေရှည်တည်တံ့ရေးလုပ်ဆောင်ချက်ဖြစ်သော United Nations Global Compact ကို Chubb မှ တက်ကြွစွာ ထောက်ပံ့ပေးလျက်ရှိသည်။ လူ့အခွင့်အရေး၊ အလုပ်သမား၊ ပတ်ဝန်းကျင်နှင့် အကျင့်ပျက်ခြစားမှုအစရှိသည်တို့နှင့်ပတ်သက်သော UN Global Compact ၏ နိယာမ ၁၀ ချက်နှင့်အညီ လုပ်ငန်းလည်ပတ်ရန် လုပ်ဆောင်လျက်ရှိသည်။ ဤနိယာမများမှာ ကျွန်ုပ်တို့၏ ပင်မတန်ဖိုးများဖြစ်သည့် Global Citizenship နှင့် ပတ်ဝန်းကျင်ဆိုင်ရာတာဝန်ရှိမှုတို့ကို ထင်ဟပ်ပြသနေခြင်းဖြစ်သည်။

၂၀၀၀ ခုနှစ်မှစတင်ခဲ့သော UN Global Compact သည် CEO ၏ ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့ရေးနိယာမကို အကောင်အထည်ဖော်နိုင်ရေး ကတိကဝတ်အတွက် ပရဟိတပဏာမခြေလှမ်းပင်ဖြစ်သည်။

Chubb တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်း

Chubb ကုမ္ပဏီ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ တိုးတက်လာစေရန်နှင့် ပိုမိုအားကောင်းလာစေရန်အတွက် အဖွဲ့အစည်းများအားကူညီပံ့ပိုးကာ တစ်ကမ္ဘာလုံး တရားဥပဒေစိုးမိုးရေး တိုးတက်လာစေရန်ဆောင်ရွက်မည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းကို Chubb ဥပဒေပညာရှင်များမှ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းကို Chubb ဥပဒေပညာရှင်များမှ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

Chubb Global

တာဝန်သိစီးပွားရေးအလေ့အကျင့်များအတွက် ကျွန်ုပ်တို့ ကတိကဝတ်များနှင့် Chubb အကြောင်း ပိုမိုသိရှိလိုလျှင် corporate website တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။